မိုင်းပန် ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှ စတင်၍ ပုံမှန်ထုတ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် ဇွန်လအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များနှင့် သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် မိုင်းပန်မြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေထုတ်ယူသူ (၄၃၇) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် ဘဏ်တာဝန်ရှိသူထံမှ သိရသည်။ အဆိုပါ မြန်မာ့စီးပွားရေးဘဏ်တွင် ကျန်းမာရေးဦးစီးဌာနမှ ပင်စင်လစာအငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သောဆေးဝါးများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)