လဲချား ဇွန် ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်ခြင်းကို ဇွန် ၂၁ နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(လဲချား)၌ ကျောင်းသား/ကျောင်းသူ (၂၁၂)ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးထိန်လင်းက လူငယ်နှင့်အနာဂတ်နိုင်ငံတော်ခေါင်းစဉ်၊ အားကစားပြုလုပ်ခြင်းဖြင့် စည်းကမ်းကောင်းမွန်ပြီး အရည်အသွေးမြင့်မားသော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သော အားကစားဆိုင်ရာအသိပညာများကိုဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ်အားကစားမှူးမှ၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းလုံး၊ အားကစားပစ္စည်းများကို ပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီး မှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)