မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတော်၏ ရက်(၁၀၀)စီမံချက်ဖြင့် လူငယ်နှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မိုးနဲ ဇွန် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ နိုင်ငံတော်၏ ရက်(၁၀၀)စီမံချက်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများအား လူငယ်နှင့်အားကစားဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်‌ပေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်နန်းသန်းသန်းစိုးက အားကစား၏အဓိပ္ပာယ်၊ အားကစားပြုလုပ်ခြင်းကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ နေ့စဉ်ပြုလုပ်သင့်သောအားကစားနည်းများ၊ လူငယ်များအတွက် အားကစား၏အရေးကြီးပုံနှင့် လူငယ်နှင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သောအချက်များအား အကျယ်တဝင့်ဟောပြောပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ အသုံးပြုရန်အတွက် အားကစားဆိုင်ရာပစ္စည်းများအား အခမဲ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းအိအိစံက လက်ခံရယူကာ ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့ပြီး ဟောပြောပွဲအား ပိတ်သိမ်းခဲ့ကြောင်းသိရသည်။ အဆိုပါ ဟောပြောပွဲဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတများရရှိခြင်း၊ အားကစားဆိုင်ရာနည်းလမ်းများကို တစ်ဦးနှင့်တစ်ဦးပြန်လည်မျှဝေနိုင်လာခြင်း၊ ဗလငါးတန်နှင့်ပြည့်စုံစေခြင်းတို့အပြင် အားကစားကဏ္ဍ၏အရေးပါပုံကိုပါ သိရှိနားလည် သဘောပေါက်လာမည်ဖြစ်ကြောင်း သိရသည်။

ဇင်ကိုကို