စဉ့်ကိုင်မြို့နယ်‌အတွင်း ကျေးလက်လမ်းလုပ်ငန်းဆောင်ရွက်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စဉ့်ကိုင် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက်  ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့်  အရေးမဆို-‌ထန်းတောကျေးရွာချင်း ချိတ်ဆက်လမ်း မြေသားတာဘောင်တင်၍ ကျောက်ရောမြေခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုများအား ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ခင်မျိုးမျိုးလတ်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံနှင့် အဖွဲ့က လုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့‌ကြောင်း သိရသည်။

အဆိုပါ အရေးမဆို- ထန်းတောကျေးရွာချင်းချိတ်ဆက်လမ်း အရှည် ၁၃၂၀ ပေ၊ အကျယ် ၁၆ ပေ၊ ဒု ၄ လက်မရှိ မြေသားတာဘောင်တင်၍ ကျောက်ရောမြေလမ်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ‌စဉ့်ကိုင်မြို့နယ် ကျေးလမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး လုပ်ငန်းပြီးစီးပါက အဆိုပါကျေးရွာများမှ ကျေးရွာသူ/သားများ၊ ကျောင်းသား/သူများ၊ ဈေးသွား၊ ဈေးလာသူများ၏ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာပြီး လူနေမှုဘဝပိုမိုမြင့်မားလာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  သိရသည်။

ကျော်စွာ (စဉ့်ကိုင်)