ကွန်ဟိန်းမြို့၊  အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မ - ၁၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကွန်ဟိန်း ဇွန် ၂၃

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင် ၊ ကွန်ဟိန်းမြို့နယ်တွင် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မ - ၁ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုပြီး၊  မြို့နယ်ပညာရေးမှူး ဒေါ်ထွေးထွေးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ 

ယင်းနောက် ကျောင်းအုပ်ဆရာကြီး ဦးဌေးလင်းက အမှာစကားပြောကြားခဲ့ပြီး စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစားသစ္စာအဓိဌာန် (၄) ချက် ရွတ်ဆို၍ သက်ဆိုင်ရာလူကြီးမင်းများမှ အားကစားသမားများအား လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့သည်။ ဆက်လက်၍ အမျိုးသားဘောလုံးအသင်းနှင့် အမျိုးသမီးအသင်းဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)