သာပေါင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ယနေ့ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်က စားအုန်းဆီသက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
သာပေါင်းမြို့နယ် ဆီကိုယ်စားများမှ ပင်စင်စားများ၏ လစဉ် ပင်စင်ထုတ်ရက်တွင် သက်သာသောဈေးနူန်းဖြင့် ပုံမှန်ရောင်းချပေးလျက်ရှိပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ကုန်ဈေးနှုန်းထိန်းညှိလျော့ကျရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းမင်လတ်က ပုံမှန်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း(ပြန်/ဆက်)