ငပုတောမြို့နယ်တွင် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငပုတော ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများအား ဩဂုတ်လအတွင်း ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် ငပုတောမြို့နယ်မှ ပြိုင်ပွဲဝင်များ၊ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အထောက်အကူပြု ကော်မတီများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားပါကြောင်း၊ ပြိုင်ပွဲတွင်ဆုတံဆိပ်များ ရရှိစေရေးနှင့် အဆင်ပြေချောမွေ့စွာ သွားရောက်ယှဉ်ပြိုင်နိုင်ရေးကော်မတီအလိုက် တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ အရည်အသွေးမြင့်မားသော မြို့နယ်ကိုယ်စားပြုပြိုင်ပွဲဝင်များ ရွေးချယ်ရရှိနိုင်စေရေးအတွက် ယခင်ပြိုင်ပွဲကြီးများတွင် ဆုရရှိသူများ၊ ရွက်ပုန်းသီးများ အားလုံးပါဝင်ယှဉ်ပြိုင်ကြစေရေး စည်းရုံးဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ အရည်အချင်းရှိသော မျိုးစက်သစ်လူငယ်များ ထွက်ပေါ်လာစေရေး စည်းရုံးဆောင်ရွက်ကြရန် လိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲမြင့်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ပြီးနောက် တာဝန်ရှိသူများက လိုအပ်ချက်များ ပြန်လည်တင်ပြလာမှုအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)