တန့်ယန်းမြို့နယ်တွင် ကျန်စစ်သားလမ်း ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်း ခင်းနေမှုနှင့် ပြီးစီးမှုအား မြို့နယ်မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

တန့်ယန်း ဇွန် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ် (၉) ရပ်ကွက်ရှိ ကျန်စစ်သားလမ်းအား မြို့နယ်စည်ပင်သာယာရေးဌာန၏ ကြီးကြပ်မှုဖြင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းနေမှုနှင့် ပြီးစီးမှုအခြေအနေတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကျန်စစ်သားလမ်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဦးဆောင်၍ အရှည် (၁၂၀၀) ပေ၊ အကျယ် (၂၄) ပေ၊ ထု (၈) လက်မရှိ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်နေရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း၊ မြို့နယ်စည်ပင် သာယာရေးဌာနမှ အင်ဂျင်နီယာ ဦးစိုင်းဆိုင်ကော်မိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)