ကျောက်ကြီးမြို့နယ်၌ “လမင်းစီမံချက်” ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်

ကျောက်ကြီး ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်း “လမင်းစီမံချက်”ကို ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဆွေလွင်ဦးက အ.ထ.က(ခွဲ)ပဲခူးရပ်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ အပြည့်အဝရရှိစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျောက်ကြီးမြို့နယ် ဦးစီဌာနရုံးမှ ဝန်ထမ်းများက ယခုလိုကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများတွင် အသက်(၁၀)နှစ်နှင့် အသက်(၁၈)နှစ်အကြား ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် အသက်(၁၈)နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူ ကျောင်းသား/ကျောင်းသူ (၇၀)ဦးခန့်အား လိုအပ်သောစာရွက်စာတမ်းများ အထောက်အထားများဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့ချင်းပြီး “အခမဲ့” ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်နေမှုအခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးကဲများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)