ပြည်မြို့ အ.ထ.က(၁)သိရီရတနာခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ပြည် ဇွန် ၂၃

ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ ကအမှတ်(၁ )အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်မင်းကြူက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသီရိခင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိ‌ကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်း ဆက်လက်ကျင်းပရာ ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့် မြို့နယ်ပညာ‌ရေးမှုးရုံးမှ ဒုတိယ မြို့နယ် ပညာ‌ရေးမှူး‌ ဦးအေးလွင်တို့က‌ စေ့စပ်ညှိနှိုင်း‌ရေးမှူးအဖြစ် ဆောင်ရွက်ပြီး G -11 မှ ကျောင်းသား၊ ကျောင်းသူ(၄)ဦးတို့က လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ ၊လူငယ်နှင့်သဘာဝပတ်ဝန်းကျင် စသည့်အကြောင်းအရာတို့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် စိတ်ပါဝင်စားစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ကျောင်းသူများအား အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်စန်းစန်းအေးက အမှတ်တရ ဂုဏ်ပြုချီးမြှင့်‌‌ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထား‌သော ာနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်းသိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)