မိုင်းဖြတ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)၌ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေပေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများကို အသိပညာပေးခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့သည်။ အဆိုပါလက်ကမ်းစာစောင်၌ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာများ၊ ကျောင်းသားလူငယ်များသိရှိလိုက်နာရမည့်အချက်များနှင့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည့်ကဏ္ဍစုံလင်စွာပါရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)