ကျိုင်းလပ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၆ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်းစကားလက်ဆောင်များကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာကျောင်းများနှင့် ဈေးဆိုင်များသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးရောင်းဝယ်ကိုနှိမ်နင်းရပ်တန့်စေပြီး မူးယစ်ဆေးဝါး စက်ဝန်းကိုဖြတ်တောင်နိုင်သည့်အကြောင်းအရာများ၊ မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးအုပ်စုများ၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ်ကဗျာများ၊ ကျောင်းသားလူငယ်များလိုက်နာသင့်သည့် အချက်များပါရှိသော သတင်းစကားလက်ကမ်းစာစောင်များကို ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စောင်ရေ (၁၀၀) အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်(ပြန်/ဆက်)