မိုင်းယု ဇွန် ၂၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးခြင်းများကို ဇွန် ၂၃ ရက်နေ့က အ.ထ.က (မိုင်းယု) နှင့် ဈေးဆိုင်များ၌ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သတင်းစကားလက်ကမ်းများကို ကျောင်းသားလူငယ်များ၊ ကုန်စုံဆိုင်များနှင့် ဈေးတန်းများ၌ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများကို တိုင်းရင်းသားဘာသာဖြင့် ဆောင်ရွက်ခဲ့ကြသည်။
သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအမျိုးအစားအုပ်စု(၅)မျိုးအကြောင်း၊ မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုများ၊ တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင် ကျန်းမာမှ၊ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်း တိုက်ဖျက်စို့ဆောင်းပါးများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် လိုက်နာသင့်သည့်အချက်များနှင့် ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ ကဗျာနှင့် ကာတွန်းများကို ဖော်ပြပါရှိကြောင်း သိရသည်။
ကိုကိုနိုင်