ဘိုကလေးမြို့နယ်၌ မိုးစပါးရာသီ သွင်းအားစုဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ဘိုကလေး ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါစိုက်ပျိုးရာသီ၊ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် ပါဝင်ဆောင်ရွက်သည့် တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးကျော်ညီညီထွဋ်က အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တာဝန်ရှိသူများက ဘိုကလေးမြို့နယ်၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် (၅၀၀၀)ဧကတွင် ပါဝင်ဆောင်ရွက်ကြမည့် တက်ရောက်လာကြသော တောင်သူများအား သွင်းအားစုဓါတ်မြေဩဇာများ ပေးအပ်ခဲ့ကြကြောင်းနှင့် အခမ်းအနားသို့ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ‌ဦးကျော်ညီညီထွဋ်အပါအဝင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာများ၊ ဆန်စက်ပိုင်ရှင်များ၊ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)