တောင်သာ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြဘုတ်များကို ဇွန် ၂၃ ရက် နံနက် ၉ နာရီခွဲက အနောက်ရပ်အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကလေးအလုပ်သမားဆိုသည်မှာ၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်ချက်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ဘာသာရပ်တစ်ခုစီ၏ သင်ကြား ရသည့်အကြောင်းအရင်း၊ ဗလငါးတန်နှင့်ပြည့်စုံဖို့၊ လူရည်ချွန်ကလေးများဖြစ်စေဖို့၊ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ အသက်အရွယ်အလိုက် စာအုပ်များကို ရှာဖွေဖတ်ရှုကြစို့ စသည်တို့ကို ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးနှင့် နံရံကပ်ပြဘုတ်များပြသခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၈၂ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)