ဟင်္သာတ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ နည်းပညာတက္ကသိုလ် (ဟင်္သာတ) ဘွဲ့နှင်းသဘင်ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက Online လိမ်လည်မှု၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး အန္တရာယ်များ အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နည်းပညာတက္ကသိုလ် (ဟင်္သာတ) ပါမောက္ခချုပ် ဒေါက်တာစိုးမိုးထွန်းက ဟောပြောပွဲပြုလုပ်ကျင်းပရခြင်း ရည်ရွယ်ချက်များကို အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက်ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇော်မျိုးဝင်းက မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာများနှင့် ပတ်သက်၍ ယနေ့လူငယ်များ ဆောင်ရန်ရှောင်ရန် လိုက်နာဆောင်ရွက်ရန် အချက်များကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ လူကုန်ကူးမှုတာဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်လွမ်းမိုးထွန်းက လူကုန်ကူးမှုနှင့် ပတ်သက်၍ ဖြစ်ပွါးခဲ့သော မှုခင်းဆိုင်ရာဖြစ်စဉ်များအားလည်းကောင်း၊ ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သန်းကျော်ဌေးက မူးယစ်ဆေးဝါး အန္တရာယ်များအကြောင်း သိကောင်းစရာများ၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားများအားရှောင်ကြဉ်ရန်အချက်များကို အသီးသီးအသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြပြီး တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မူခင်းဆိုင်ရာ အသိပညာပေးနှင့် လူကုန်ကူးမူတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ နည်းပညာတက္ကသိုလ်(ဟင်္သာတ) ပါမောက္ခချုပ် ဒေါက်တာ စိုးမိုးထွန်း၊ ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်မျိုးဝင်း၊ ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေး၊ ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ၊တပ်ဖွဲ့စိတ် (၂) ဟင်္သာတမှ ရဲအုပ်လွမ်းမိုးထွန်း၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)မှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)