မင်းလှမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြော၊ စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြသ

မင်းလှ ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး (Community Center)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိညာပေးဟောပြော၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်၊နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီချိန်က  ကျင်းပခဲ့သည်။ 

အသိပညာပေးပြောကြားရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဒေါ်စန္ဒာအောင်က မူးယစ်ဆေးဝါး၏အန္တရာယ်၊ ဆိုးကျိုးများအကြောင်း ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအား ရှောင်ရှားရမည့် နည်းလမ်းများကို ပြောကြားသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို  မူးယစ်ရန်စွယ်အန္တရာယ်ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ရာ အ.မ.က(လွန်) ဇေယျဝတီ ကျောင်းမှ အလယ်တန်းဆင့် ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသော ကျောင်းသား/သူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များ၊ နံရံကပ်ဓာတ်ပုံပိုစတာများကို ပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)