နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

နတ်တလင်း ဇွန် ၂၂

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ဇမ္ဗူဝင်းဆန်စက်မှ အာမခံအလုပ်သမား ဦးဇော်လွင်ဦး၏ လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာ သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးးခံစားခွင့် ငွေလုံးငွေရင်း ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ဇွန် ၂၂ ရက် နေ့လယ်ပိုင်းတွင် နတ်တလင်းမြို့ လူမှုဖူလုံရေးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးမှ မြို့နယ်တာဝန်ခံအရာရှိ ဒေါ်ယဉ်ယဉ်နွယ်က ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေပါ အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားသည်။ ထို့​နောက် အလုပ်ခွင်အတွင်း ထိခိုက်ဒဏ်ရာရသေဆုံးမှု​(EI)အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း အကျိုးခံစားခွင့်ငွေကျပ် ၃၀၀၀၀၀၀ အား ဦးဇော် လွင်ဦး၏ဇနီး​ ဒေါ်နွယ်နွယ်ဝင်းထံသို့ အလုပ်ဌာနတာဝန်ရှိသူများနှင့် မိသားစုဝင်များ ရှေ့တွင် ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်