စစ်တွေ ဇွန် ၂၃
ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး တော်ဝင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးဝင်းမောင်၊ ပြည်နယ် ဥပဒေအရာရှိနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးအဆင့်ဆင့်မှ ဥပဒေအရာရှိများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဥပဒေချုပ်က ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိ ကျင့်ဝတ်များကို ကောင်းစွာသိရှိလိုက်နာခြင်းဖြင့် ပြည်သူများ၏ ယုံကြည်အားကိုးမှုရရှိစေရေး ဖော်ဆောင်ကြရန်လိုအပ်ကြောင်းနှင့် ယခုအစီအစဉ်ကို စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းဆောင်ရွက် ကြရန်ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဥပဒေအရာရှိက ဥပဒေအရာရှိများအတွက် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းအစီအစဉ် ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့ဝင်များက ပြည်နယ်ဥပဒေချုပ်ရုံး၊ ခရိုင်၊ မြို့နယ် ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများအား ကျင့်ဝတ်ဆိုင်ရာ မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)