သာပေါင်း ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၄/၂၀၂၆) ကို ယနေ့ဇွန်လ ၂၃ ရက်နေ့၊ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က လုံခြုံရေးအလေးထား ဆောင်ရွက်ရန် ရက်(၁၀၀)စီမံချက်လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်၊ အထက်ဌာနအဆင့်ဆင့်၏ ညွှန်ကြားချက်များ အချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတတ်မြင့်မားရေးကော်မတီဝင်များ ဆီဖူလုံရေး (မြေပဲ/နှမ်း/နေကြာ/ပဲပုပ်) စိုက်ဧကတိုးရေး စည်းရုံးဆောင်ရွက်ရန်၊ မှိုစိုက်ပျိုးရေး/ဝါး စိုက်ပျိုးရေး၊ ထုတ်ကုန်တိုးမြှင့်ရေး ပူးပေါင်းဆောင်ရွက်ရန်၊မြေယာ အသုံးချမှု (ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ ကျောင်းအပ်နှံရေး ရာနှုန်းပြည့်တက်ရေး စည်းရုံးဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေး၊ ဝမ်းရောဂါမဖြစ်ပွားရေး ပူးပေါင်းဆောင်ရွက်ရန်၊ သစ်ပင်စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်ရန်၊ စာရင်းဇယား အချက်အလက်များ မှန်ကန်ရေး၊ ထူးခြားဖြစ်စဉ်များ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရန်၊(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်အဆင့် ဘောလုံးပွဲဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်ရန်၊ ၂၂၊၆၊၂၀၂၆ ရက်နေ့ ဝန်ကြီးချုပ်လမ်းညွှန်မှာကြားချက် (၅) ချက်အား သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ရန်နှင့် အထွေထွေလုပ်ငန်းကိစ္စရပ်များ ဆွေးနွေးပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ခဲ့ကြသည်။
သိန်းမြင့်မျိုးဦး