ကျုံပျော် ဇွန် ၂၃
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် တောချောင်းကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲသို့ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ဦးစွာတာဝန်ရှိသူများက စိုက်ပျိုးမည့် ပျိုးပင်များအား တက်ရောက်လာသူများထံ ပေးအပ်ကြသည်။
ထို့နောက် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နမ့်သီတာချိုစင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဆွေဆွေနှင့်အဖွဲ့ဝင်များ တက်ရောက်လာသူများ ပူးပေါင်း၍ မန်ဂျန်ရှား ၃၀ ပင်၊မဟော်ဂနီ ၃၀ ပင်၊ ကျွန်း ၂၀ ပင်၊ ခရေ ၁၀ ပင်၊ ပိတောက် ၁၀ ပင် ၊ ကံကော် ၅၀ ပင်နှင့် ပျဉ်းကတိုး ၅၀ ပင်တို့အား တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)