ကျောက်တန်း ဇွန် ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပန်းတော ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်တန်းမြို့နယ်ဌာနဆိုင်ရာများလည်း မှုခင်းကျဆင်းရေးနှင့် ပတ်သက်ပြီး အသိပညာများ ဟောပြောခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)