မချမ်းဘော ဇွန် ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အမျိုးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနန္ဒာအောင်က မြန်မာအမျိုးသမီးများဘဝမြှင့်တင်ကြ ခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြော ခဲ့ပြီးနောက်စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ အထက မချမ်းဘောကျောင်း အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ ၁၅ ဦးတို့က ရိုးရာအလှခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို လည်းကောင်း၊ အမျိုးသမီးများ ဘာကြောင့်စာပိုဖတ်သင့်သလဲ၊ စာဖတ်ခြင်းဖြင့် အမျိုးသမီးများဘဝမြှင့်တင်စို့ စသည့် ခေါင်းစဥ်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲကိုလည်းကောင်း အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီးနောက် ပထမ၊ဒုတိယ၊ တတိယဆုရရှိသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆုလက်ဆောင်များအသီးသီး ပေးအပ်ခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများ၊ ဆရာဆရာမများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအသိပညာပေး နံရံကပ်စာစောင် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)