စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲ

စလင်း ဇွန် ၂၄

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်ဥတ္တမစာသင်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးအေးလင်းက ပြည်ထောင်စုစိတ်ဓာတ် ခေါင်းစဥ်ဖြင့်လည်းကောင်း ဥပဒေအရာရှိ ဦးကျော်ဇေယျာလင်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဌေးက  လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ခေါင်းစဥ်ဖြင့်လည်းကောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဇင်မင်းထိုက်က  ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဆိုင်ရာ များကို အကျယ်တဝင့် ဟောပြောခဲ့သည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့နှင့် သက်ဆိုင်ရာ မြို့နယ်အဆင့် တာဝန်ရှိသူများ  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေးဝန်ထမ်းများ  မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့များ အမျိုးသမီးရေးရာအသင်းဝင်များ  အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက  ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။     

 မောက်လွင်(စလင်း)