ရွှေကျင်မြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်များအား ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး

ရွှေကျင် ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် စားအုန်းဆီ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များအား ညောင်လေးပင်ခရိုင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ တာဝန်ရှိသူတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ဗွီနိုင်းချိတ်ဆွဲဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ညောင်လေးပင်ခရိုင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့မှ ရွှေကျင်မြို့နယ်ရှိ မြို့ပေါ် (၈) ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ စားအုန်းဆီလက်ကားကိုယ်စားလှယ် (၂) ဦး၊ လက်လီကိုယ်စားလှယ် (၁၀) ဦးဖြင့် တစ်လစားအုန်းဆီပေပါ (၃၃၄) ပေပါကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)