မင်းလှ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ဥပဒေရုံးက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်း (TOT) ဖွင့်လှစ်ပို့ချခြင်းကို ဇွန် ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ဇင်သက်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။
သင်တန်းတွင် မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ဇင်သက်က ဥပဒေဘာသာရပ် (၇) ရပ်ကို ၂၂ ရက်နေ့မှ ၂၆ ရက်နေ့ထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၆၀) ဦး တတ်ရောက်ကြောင်း သိရသည်။
ပေါက်စ