မင်းလှ ဇွန် ၂၄
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/သူများနှင့် ပြည်သူများ လက်ဝယ်ထံအရောက် ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများထံ ဖြန့်ဝေပေးခဲ့ပြီး၊ ပြည်သူလူထုလက်ဝယ်ထံအရောက် ဆက်လက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပေါက်စ