မင်္ဂလာဒုံ ဇွန် ၂၄
မင်္ဂလာဒုံမြို့နယ်ရုံး Community Centre ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အသိပညာပေး ဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများခေါင်းစဉ်ဖြင့် ဟောပြောရာမူးယစ်ဆေးဝါးအမျိုးအစားများနှင့် တွေ့ရှိနိုင်သည့် ပုံသဏ္ဍာန်များကိုလည်းကောင်း၊ စာရေးဆရာမ ဒေါ်ရည်ဖုန်းဆွေက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးနှင့် စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ကျောင်းသားလူငယ်များအနေဖြင့် မူးယစ်းဆေးဝါးကို ဝေးဝေးကရှောင်ရှားသင့်သည့် အကြောင်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ပြုလုပ်ပေးခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများက ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)