အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

သထုံ ဇွန် ၂၄

မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့ကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက မူးယစ်ဆေး၏အန္တရာယ်များ၊ မူးယစ်ဆေးကြောင့်ဖြစ်ပေါ်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများနှင့် အသိပညာဗဟုသုတတိုးပွားရေးအတွက် စာပေများလေ့လာဖတ်ရှုကြရေး၊ သထုံခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုးက မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသည့်ရောဂါများနှင့် ကာကွယ်ကုသနိုင်သည့်နည်းလမ်းများ စသည်တို့ကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသူ၊ ကျောင်းသားတို့က သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီး သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာသိကောင်းစရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ၊ ဓာတ်ပုံမှတ်တမ်းများတို့ကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြသည်။

အဆိုပါအခမ်းနားသို့ ဘင်လှိုင်ရပ်ကွက်၊ ဝါးတောအ‌ခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)