တွံတေးမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ချပြဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

တွံတေး ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ဥပဒေရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစီအစဉ်ဖြင့် ရက်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT) အား ဖွင်လှစ်ခဲ့သည့်အခမ်းအနားတွင် အမှတ် (၅၇) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်အောင်မျိုးကျော် တက်ရောက်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်ပတ်သတ်၍ ချပြဆွေးနွေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များဝေငှခြင်းများဆောင်ရွက်ခြင်းကို ဇွန်လ (၂၂) ရက်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ဥပဒေရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံး အစီအစဉ်ဖြင့် ရက်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) အား ဖွင်လှစ်ခဲ့သည့်အခမ်းအနားတွင် အမှတ် (၅၇) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်အောင်မျိုးကျော်မှ တက်ရောက်၍ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများနှင့်ပတ်သတ်၍ ချပြဆွေးနွေးရာ မော်တော်ယာဉ်မောင်းနှင်းသူများနှင့်ပတ်သက်၍ မော်တော်ယာဉ်မောင်းနှင့် ဘေးချင်ထိုင်စီးနင်းသူများ ထိုင်ခုံခါးပတ်များပတ်ရန်၊ ယာဉ်မောင်းစဉ်ဖုန်းမပြောရန်၊ ယာဉ်များအား ဘာကြောင့်ရပ်ရပ်လမ်းဘေးချရပ်ရန်၊ မော်တော်ဆိုင်ကယ်များ ပါဝါအိပ်ဇောများ တပ်ဆင်အသုံးပြုခြင်းမပြုရန်၊ သတ်မှတ်နံပါတ်ပြားတပ်ဆင်ရန်နှင့် အလှနံပါတ်ပြားများ  တပ်ဆင်ခြင်းမပြုလုပ်ရန်၊ ဘေးတွဲဆိုင်ကယ်များအား ညာကပ်‌‌မောင်းနှင်ရန်နှင့်‌ မောင်းနှင်စဉ်ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ မေးသိုင်းကြိုးများစနစ်တကျတပ်ဆင်‌မောင်းနှင်ရန်၊ ယာဉ်မဆင်မခြင်‌မောင်းနှင်ခြင်းများ‌ကြောင့် ယာဉ်တိုက်မှုအန္တရာယ်မဖြစ်ပွား‌စေရန် quick win စီမံချက်နှင့်အညီ စစ်ဆေးပညာ‌ပေးခြင်းများဆောင်ရွက်နေကြောင်း၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း မိမိတို့၏ ရပ်ကွက်၊ ကျေးရွာများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များအတိုင်း လိုက်နာဆောင်ရွက်ရေး အသိပညာများပြန့်ပွားအောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၇၃) ဦးကို အသိပညာပေး လက်ကမ်းစာစောင် (၇၅)​ စောင်ဝေငှပေးခဲ့ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)