မိုင်းတုံမြို့နယ်၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

မိုင်းတုံ ဇွန် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံ မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ (၂၄) ​နေ့က (အ.ထ.က) မိုင်းတုံအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မြန်မာအမျိုးသမီးများ၏ စွမ်းအားနှင့် ဂုဏ်သိက္ခာခေါင်းစဉ်ဖြင့် (အ.ထ.က) မိုင်းတုံအခြေခံပညာ​ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ စီစာကုံးပြိုင်ပွဲသို့ မြို့နယ်ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်နှင့် ဆရာ၊ ဆရာမများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိမ်းစံပယ်လှိုင်နှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်သွားမည်ဖြစ်​ကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)