ဇီးကုန်း ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ကျား/မ ခွဲခြားဆက်ဆံမှုနှင့် အိမ်တွင်းအကြမ်းဖက်မှု လျော့နည်းပပျောက်စေရေး၊ တန်းတူညီမျှစွာဆက်ဆံစေရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သော Gender (ကျား/မရေးရာ)၊ CEDAW (အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်)၊ NSPAW (အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း)၊ UNSCR 1325 အကြောင်း အသိပညာဟောပြောပွဲကို ယမန် န့်လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-ဇီးကုန်း ခန်းမဆာင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် သာယာဝတီခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ GENDER, CEDAW နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပြောကြားပြီး၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဦးဇော်ဇော်ထက်က အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ NSPAW, UNSCR 1325 နှင့်စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သော သိရှိလိုသည်များကို ဦးစီးအရာရှိ ဦးဇော်ဇော်ထက်နှင့် ကျောင်းသား/သူများက ဆွေးနွေးမေးမြန်း ဖြေကြားပေးခဲ့ပြီး၊ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)