ဟင်္သာတမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၁၀၀)ဘီလီယံဖြင့် ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးထားသည့် တောင်သူများအား သွင်းအားစု ပေးအပ်ပွဲကျင်းပ

ဟင်္သာတ ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (၁၀၀)ဘီလီယံဖြင့် ဆောင်ရွက်သည့် မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထားသည့် တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်လှကြည်က နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဝယ်ကြိတ်လုပ်ငန်းရှင် နော်ခင်ခင်က မြို့နယ်အတွင်း တောင်သူများနှင့် ဆက်စပ်လုပ်ကိုင်လျှက်ရှိသော မိမိတို့၏ လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဟင်္သာတခရိုင်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်လှကြည်၊ ခရိုင်စီမံကိန်းဦးစီးဌာနမှုးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောဝင်းရွှေနှင့် တာဝန်ရှိသူများက တောင်သူများအား သွင်းအားစု ဓါတ်မြေဩဇာများကို အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် တောင်သူများကိုယ်စား ဆင်မသေဓမ္ဘီကျေးရွာမှ တောင်သူ ဦးအောင်မျိုးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှုး ဒေါ်လှကြည်နှင့် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဝယ်ယူ၊ ကြိတ်ခွဲတင်ပို့သူများ၊ တောင်သူများ စုစုပေါင်း ၂၇၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)