မင်းဘူး ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မြို့မကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့မကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တူးတူးက အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးမြို့ အမှတ် (၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲအုပ် ရန်နိုင်ထွန်းက ကျောင်းသား၊ ကျောင်းသူလေးများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိစေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် မဖြစ်ပွားစေရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင်တတ်စေရေးတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အန္တရာယ်သတိပေးလမ်းညွှန်ချက်များ၊ တားမြစ်ခြင်း၊ ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ဦးစားပေးယာဉ်များကို အသိပညာပေးဟောပြောပြီး၊ ယာဉ်ထိန်းဝန်ထမ်းများက ယာဉ်အန္တရာယ်သတိပေးလမ်းညွှန်ချက်များ သရုပ်ပြရှင်းလင်းပြသပေးခဲ့ရာ အ.ထ.က (ခွဲ) မြို့မကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူပေါင်း (၂၅၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)