မိုင်းယောင်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မီးသတ်ဦးစီးဌာနသည် ဇွန်လ ၂၃ ရက်နေ့က ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးထွန်းနေလှိုင်နှင့် တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ဟိုတယ်/တည်းခိုခန်းများ၌ အသင့်တပ်ဆင်ထားသော မီးသတ်ဆေးဘူးများ အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ မီးဘေးကာကွယ်ရေးပစ္စည်းများ စစ်ဆေးခြင်း၊ လျှပ်စစ်နှင့် အရေးပေါ်လမ်းကြောင်းများ စစ်ဆေးခြင်း၊ ဝန်ထမ်းများအား မီးသတ်ဆေးဘူးလက်တွေ့အသုံးပြုနည်း၊ မီးလောင်မှုဖြစ်ပွားပါက သက်ဆိုင်ရာသို့ သတင်းပို့နိုင်ရေး သင်ကြားလေ့ကျင့်ပေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

စိုင်းအောင်ဇော်လင်း