မိုင်းယောင်း ဇွန် ၂၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဇွန်လ ၂၃ ရက်နေ့က အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများရွေးချယ်ထားရှိမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
ထို့နောက် ည ၇ နာရီက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အတူ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၈) ရပ်ကွက်တို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း သင်ကြားနေမှုအား သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ ဗလာစာအုပ်များပေးအပ်ခြင်း၊ မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း