တာလေ ဇွန် ၂၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာလေမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအကျိုးဆောင်နှင့် မိဘဆရာအသင်းရွေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့ နံက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(တာလေ)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အလံအားအလေးပြုကြပြီး အခြေခံပညာအထက်တန်းကျောင်း(တာလေ)မှ ကျောင်းအုပ်ဆရာကြီး ဦးကောင်းမြတ်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ကျောင်းအကျိုးဆောင်အသင်းဝင်ဟောင်း ဦးကျော်ကျော်က ယခင်ပညာသင်နှစ်များတွင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ကျောင်းအုပ်ဆရာကြီးက အမှုဆောင်အသစ်များ ရွေးချယ်တင်မြောက်ပုံနည်းစနစ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအကျိုးဆောင် (၂၄)ဦးနှင့် မိဘဆရာအသင်းဝင်များအား မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)