တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပခုက္ကူတက္ကသိုလ်ကိုယ်စားပြု ပိုက်ကျာ်ခြင်းအသင်း အောင်နိုင်ရေးအလံ ပေးအပ်

ပခုက္ကူ ဇွန် ၂၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပခုက္ကူတက္ကသိုလ်ကိုယ်စားပြု ပိုက်ကျော်ခြင်းလက်ရွေးစင်အသင်းအောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇွန်လ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာတင်ထွန်းအောင်က "မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ထူးချွန်ထက်မြက်‌သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပခုက္ကူတက္ကသိုလ်အနေဖြင့် မကွေးဇုန်တွင် အရင်ဦးဆုံးပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ဇုန်အသီးသီးမှ စကာတင်ရွေးချယ်ခံရသော လက်ရွေးအဆင့်အသင်းများအ‌နေဖြင့် ပြည်ထောင်စုအဆင့်ပြိုင်ပွဲအဖြစ် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားရုံများတွင် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း" အမှာစကားပြောကြားသည်။

ထို့နောက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အသင်းကြီးကြပ်ရေးမှူး၊ နည်းပြနှင့် အားကစားသမားများထံ တက္ကသိုလ်ကိုယ်စားပြုပိုက်ကျော်ခြင်းလက်ရွေးစင်အသင်း အောင်နိုင်ရေးအလံအား ပေးအပ်သည်။

အဆိုပါပြိုင်ပွဲတွင် ဘောလုံး၊ ဖူဆယ်၊ဘော်လီ ဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ်စသည့် အားကစားနည်းများပါဝင်မည်ဖြစ်ပြီး ၂၀၂၆ခုနှစ်၊ ဇွန်လ၂၅ရက်မှ ဇူလိုင်လ၈ရက်နေ့အထိ နေပြည်တော်တွင် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)