မူဆယ်မြို့၊ Little Genius ကိုယ်ပိုင်ကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ

မူဆယ် ဇွန် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းကို မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်ရှိ Little Geinus ကိုယ်ပိုင်ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Little Geinus ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ မိမိနေထိုင်သည့် ဝန်းကျင်တွင် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ မီးလောင်နေစဉ် မီးသတ်ဆေးဗူးအသုံးပြုပုံ၊ မီးသတ်ရေပိုက်အသုံးပြုပုံများကို အသိပညာပေးဟောပြောခဲ့ပြီး၊ လက်တွေ့မီးငြှိမ်းသတ်ခြင်းများဖြစ်သည့် မီးသတ်ဆေးဗူးဖြင့်ငြှိမ်းသတ်ခြင်း၊ အဝတ်စိုဖြင့်ငြှိမ်းသတ်ခြင်း၊ မီးသတ်ရေပိုက်ဖြင့် ငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် ကိုယ်ပိုင်ကျောင်းတွင် မီးသတ်ဆေးဗူးများထားရှိမှု၊ မီးသတ်ရေကန်နှင့် မီးသတ်ရေငုတ်များ စနစ်တကျထားရှိမှုကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်