နတ်မောက်မြို့နယ် စည်သာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂) ကြိမ်မြောက် စက်ဝန်း ထုတ်ချေးပေး

နတ်မောက် ဇွန် ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုဖွံဖြိုးတိုးတက်လာစေရန်နှင့် မြို့ပြနှင့် ကျေးလက်ကွာဟမှုလျော့နည်းလာစေရေးအတွက်ရည်ရွယ်၍ ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စည်သာကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ( ၁၂) ကြိမ် စက်ဝန်းထုတ်ချေးပေးခဲ့သည်။

​မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးဌာနမှ မြို့နယ်ဦးစီးမှူးက စီမံကိန်းစက်ဝန်းကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက စီမံကိန်းရန်ပုံငွေကျပ် (၅၉ ဒဿမ ၈)သန်းကိုမြစိမ်းရောင်  ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များထံလွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါမြစိမ်းရောင်ကျေးရွာစီမံကိန်းငွေများပြန်လည်ထုတ်ပေးခြင်းကို မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ချေးငွေများအား အပြေအကြေပေးဆပ်ပြီးဖြစ်သောကြောင့် ယခုအခါ (၁၂) ကြိမ်မြောက်ချေးငွေများအား အသင်းသား(၂၃၅)ဦးအတွက်သက်သာသောအတိုးနှုန်းဖြင့် လုပ်ငန်းအမျိုးအစားအလိုက် ချေးငွေကျပ် (၅၉ဒဿမ ၈) သန်းအား ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

မူမူစန်း