ပင်လောင်း မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းပတ်ဝန်းကျင်သာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ယနေ့နံနက် ၇ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။
သန့်ရှင်းရေးလုပ်ငန်းများကို အမှတ်(၄)စစ်အခြေခံလေ့ကျင့်ရေးတပ် တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းထွဋ်ဝင်း ဦးဆောင်မှုဖြင့် တပ်နယ်မှ အရာရှိစစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး(၁)ရဲမှူးစိုးမိုးထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် ဆရာ/ဆရာမများက ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များ၊ ချုံနွယ်၊ မြက်ပင်များ စုပေါင်းခုတ်ထွင် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
မြိုနယ်ပြန်/ဆက်