ဟိုပုံး ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်နည်းနှင့် အသိပညာပေးဟောပြောပွဲကို ဇွန်လ (၂၄) ရက်နေ့ နံနက် (၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနိုင်က မီးသတ်ဆေးဘူးများထားရှိရေး၊ ဆေးဘူးများကို စနစ်တကျအသုံးပြုတတ်စေရေး၊ အခြေခံ မီးသဘောတရားများ၊ မီးလောင်ခြင်းအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရမည့် ပစ္စည်းများထားရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စနစ်တကျကြိုတင် ဆောင်ရွက်ရေး၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ မီးအတန်းအစားများအား ရှင်းလင်းခြင်း၊ မီးငြှိမ်းသတ်နည်း (၄) နည်းတို့ကို မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအား အကျယ်တဝင့်ရှင်းလင်း ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဆောင်သောတပ်ဖွဲ့ဝင်များက လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်မှု မီးသတ်ဆေးဘူးကို ရေစိုအဝတ်ဖြင့် လက်တွေ့သရုပ်ပြခြင်းနှင့် မီးသတ်ဆေး ဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတိုကို ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)