အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၌ နွေစပါးစံကွက်ရိတ်သိမ်းပွဲ အောင်မြင်စွာကျင်းပ

အောင်လံ ဇွန် ၂၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ဒုရင်္ဂဗိုလ်လျှပ်စစ်မြစ်ရေတင် ရေသောက်စနစ်ဧရိယာအတွင်းရှိ နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ဇွန် ၂၃ ရက်နေ့ နံနက် ၈နာရီခွဲက အဆိုပါစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) မြို့နယ်ဦးစီးမှူးတို့ဦးဆောင်၍ တက်ရောက်ခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများသည် ဒုရင်္ဂဗိုလ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၆၃)၊ ဦးပိုင်အမှတ် (၈၇/၂) ရှိ ဒေသခံတောင်သူ ဦးမြင့်ဇော်၏ နွေစပါး (ဆာဖိုးသာ)စိုက်ခင်း (၂.၆၃)ဧကရှိ စံကွက်အား ဒေသခံတောင်သူ (၅၀)ဦးခန့်နှင့်အတူ နွေစပါးတောင်သူကိုယ်စားပြု၍ ပူးပေါင်းစံကွက်ရိတ်သိမ်းခဲ့ကြရာ (၁) ဧကလျှင် တင်း (၁၅၀)နှုန်းဖြင့် အောင်မြင်စွာ ထွက်ရှိခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)