ကံမ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်စာစောင်များပြသပွဲကို ဇွန် ၂၃ ရက်နေ့ နေ့လည်(၂)နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ (မင်းကုန်း)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူမာက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းဆင့်က မူးယစ်ဆေးဝါးများ၏ အန္တရာယ်အကြောင်းသိကောင်းစရာများနှင့် ကျောင်းစာအပြင်ဗဟုသုတရရှိနိုင်မည့် ပြင်ပစာပေများအား ဖတ်ရှုလေ့လာကြရန် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဓါတ်ပုံနံရံကပ်စာစောင်များပြသခဲ့ပြီး ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)