ကျေးသီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးခြင်း

ကျေးသီး ဇွန် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အသက်(၁၀)နှစ်နှင့် အထက်ပြည့်ပြီးသော ကျောင်းသား/ကျောင်းသူများအား ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို(Grade-6) နှင့် (Grade-7) ကျောင်းသား၊ကျောင်းသူများအား  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDများ ထုတ်ပေးနိုင်ရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမွန်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးခင်မောင်ဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးနှင့်ဝန်ထမ်းများက လိုအပ်သောအချက်အလက်များ စိစစ်ကောက်ယူ၍ နေ့ချင်းပြီးကွင်းဆင်ဆောင်ရွက်ပေးပြီး မြို့နယ်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီးထုတ်ပေးပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား၊ကျောင်းသူ (၅၀) ဦးထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျေးသီး(ပြန်/ဆက်)