စလင်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာစီစာကုံးပြိုင်ပွဲကို မြန်မာအမျိုးသမီးများ၏စွမ်းပကားနှင့် ကြိုးစားအားထုတ်မှု ခေါင်းစဉ်ဖြင့် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော် မြို့နယ်ပညာရေးမှူး ဦးဇော်နိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းအဆင့်ကျောင်းသူ ၁၈ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)