ကျိုင်းတုံ ဇွန် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၂၂ ရက်က ကျိုင်းတုံတက္ကသိုလ်၊ ခေမာရဋ္ဌ်ခန်းမတွင် ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနော်၊ ကျိုင်းတုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းလွင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြသည်။
ဟောပြောပွဲတွင် အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းအရှေ့) မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းနိုင်က ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်းရေးဆိုင်ရာ အကြောင်းအရာများကို ကျိုင်းတုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောပြီး အမှတ် (၁၉) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရှမ်းအရှေ့) မှ တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)