သရက်ချောင်းမြို့နယ်၌ Gender/CEDAW နှင့် NSPAW ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

သရက်ချောင်း ဇွန် ၂၄  

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသား/ သူများအား Gender/CEDAW နှင့် NSPAW ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က) သရက်ချောင်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက Gender/ CEDAWနှင့် NSPAW ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် အသိပညာပေး ဟောပြောရာ CEDARW ဆိုင်ရာအကြောင်းနှင့် နောက်ခံအချက်အလက်များ၊ ကျား/မရေးရာအား ကဏ္ဍစုံတွင် ထည့်သွင်းစဉ်းစားရာတွင် ပါဝင်သည့် အကြောင်းအရာများ၊ Gender Mainstreaming အကောင်ထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နည်းလမ်းများ၊ အမျိုးသမီးများအပေါ် အခြေခံမည့် အဓိကလုပ်ငန်းနယ်ပယ်များနှင့် ရည်ရွယ်ချက်များ၊ အမျိုးသမီးများအားအကြမ်းဖက်မှုနှင့် အရေးပေါ်အခြေအနေများ၊ အာဆီယံအမျိုးသမီးရေးရာလုပ်ငန်းများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်မှု၊ ကျား/မအခြေပြုအကြမ်းဖက်ခံရသူများသို့ ဝန်ဆောင်မှုများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းကို အသိပညာပေး ဟောပြောပြီး ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးကာ အမှတ်ရလက်ဆောင်များ ပေးအပ်​ခြင်း၊ ကျား၊ မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)