စေတုတ္တရာ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှလမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးပြီး ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ၂၃ရက်နေ့ နေ့လယ်(၂)နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စေတုတ္တရာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်မိုးကျော်က လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရခြင်းနှင့် UIDကတ်များက ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လမင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များပေးအပ်ပွဲကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျောင်းသား(၂၀)ဦး၊ ကျောင်းသူ(၁၉)ဦး၊ စုစုပေါင်း(၃၉)ဦးတို့အား နိုင်ငံသားသိစစ်ရေးကတ်ပြားများနှင့် UID ဆောင်ရွက်ပေးခြင်း၊ UID သီးသန့်ဆောင်ရွက်သူ ကျောင်းသား(၈)ဦး၊ကျောင်းသူ(၆)ဦး စုစုပေါင်း(၁၄)ဦး တို့ထံပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)