လှိုင်းဘွဲ ဇွန် ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ရှောင်ကြည်ရမည့်အချက်များကို သိရှိနိုင်စေရန်အတွက် အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစောသော်တာလင်းသန့်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်များနှင့် ယနေ့ခေတ် Happy water အကြောင်းကို အသိပညာပေးဟောပြောခြင်းနှင့်အလယ်တန်းအဆင့်(Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားနိုင်သည့် သတ်မှတ်ချက်များနှင့် အခွင့်အလမ်းများကို အသိပညာပေး ဟောပြောခဲ့ပြီး အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အတွက် “လှပဘဝ မူးယစ်ကင်းမှ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)